ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝါးရုံကုန်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာ ပြည်သူများထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်း များက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဝါးရုံကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ ရန်ပုံငွေ၊ ကျေးရွာပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။
အဆိုပါ ဝါးရုံကုန်းကျေးရွာ ကျေးရွာတွင်းလမ်း အရှည်ပေ ၅၈၀ အကျယ် ၁၂ ပေ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၅၀ ၊ ကျေးရွာနေပြည်သူ ထည့်ငွေကျပ် ၅၉ ဒသမ ၄ သိန်း စုစုပေါင်းငွေကျပ် ၂၀၉ ဒသမ ၄ သိန်း ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် စက်တင်ဘာလ ပထမအပတ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်