မြစ်ကြီးနား၊ အောက်တိုဘာ ၁၈
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူ များ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များဝယ်ယူနိုင်ရန်အတွက် မြစ်ကြီးနားမြို့နယ် အတွင်းရှိ စည်ပင်သာယာဈေးများတွင် တစ်ပတ်လျှင်နှစ်ရက် သက်သာဈေးဖွင့်လှစ်ရောင်းချ ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် ကချင်ပြည်နယ်သမဝါယမအသင်းစုချုပ်နှင့် မြစ်ကြီးနား မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ သမဝါယမအသင်းများမှ ထုတ်လုပ်သည့် မြေပဲဆီသန့် ပိဿာချိန် ၂၇၄.၅ ၊ နေကြာဆီပိဿာချိန် ၁၅၃.၅ ပိဿာ၊ မုံညင်းဆီပိဿာချိန် ၈၄.၅ နှင့် နို့ဆီဗူး ၂၇၂ ဗူး စုစုပေါင်းတန်ဖိုးငွေကျပ် ၈၃၆၇၁၀၀ တို့ကို ပြည်သူများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်