Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူးမြို့နယ်ထန်းတပင်ကျေးရွာ၌ ပထမအကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ထုတ်ချေး


18 Oct,2023

 ကော့မှူးမြို့၊ အောက်တိုဘာလ ၁၈ ရက် 

          ရန်ကုန်တိုင်းဒေသကြီး တွံ့တေးခရိုင် ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ထန်းတပင်ကျေးရွာ၌ ပထမအကြိမ် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို  အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ လူထုဗဟိုပြုခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ် က  မြစိမ်းရောင်ကျေးရွာစီမံကိန်း ဖြင့် ကျေးလက် နေ ပြည်သူများ အတွက် လိုအပ်သော ငွေကြေးအရင်းအနှီး များရရှိစေပြီး အလုပ်အကိုင်၊ အခွင့်အလမ်းများကို  ဖန်တီးပေးနိုင်ကာ မိသားစုဝင်ငွေ တိုးပွား လာစေမည်  ဖြစ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍  ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာ စီမံကိန်းတာဝန်ခံက ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့်စည်းကမ်းချက်များ၊ အတိုးနှုန်း သတ်မှတ်ချက် များ၊  ပြန်ဆပ်ရမည့် ကာလတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကာ ထန်းတပင်ကျေးရွာ မြစိမ်းရောင် ကျေးရွာ စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကျပ်၂၉၄ သိန်းလွှဲ ပြောင်း ပေးအပ်သည်။

          ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ထန်းတပင်ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ  စုစုပေါင်း(၁၁၅ )ဦးကို မြစိမ်းရောင် ကျေးရွာ စီမံကိန်း  ရန်ပုံငွေ ကျပ်(၂၉၄)သိန်း ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

(ရတနာပုံသတင်းစာ၊ စာမျက်နှာ ၁၅)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm