Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်ခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


19 Oct,2023

သရက် အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင်အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်း လီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ (၁-၁၀-၂၀၂၁)မှ (၃၁-၃-၂၀၂၂)ထိ နှစ်ဝက်ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ရွှေစင်ငွေစင်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာမှာ သရက်ခရိုင် အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်ကို ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက် အသင်း၏သက်တမ်းဟာ (၁၀)နှစ်ထိ ရောက်ရှိ လာပြီဖြစ်ပါတယ်။ နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ဖို့ မူတစ်ရပ်ချမှတ်တဲ့အတွက် ယခုလို ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းကြီးများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါတယ်။ အသင်းအနေဖြင့် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို (၁)နှစ်တစ်ကြိမ် ပုံမှန်ကျင်းပပြုလုပ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်၊ ဒီဘက်နှစ်မှာတော့ ကပ်ရောဂါ ဆိုင်ရာအခြေအနေနဲ့ ဘတ်ဂျက်နှစ်ပြင်ဆင်သတ်မှတ်မှုတို့ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၁-၁၀-၂၀၂၁ မှ ၃၁-၃-၂၀၂၂ ထိ နှစ်ဝက်ဘဏ္ဍာရေးနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့ရဲ့ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ကပ်ရောဂါဆိုင်ရာ ရှောင်ရန် ဆောင်ရန် အချက်များနဲ့အညီ ယနေ့ကျင်းပနိုင်ခြင်းဖြစ်တယ်လို့ ပြောကြားပေးခဲ့သည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းစာမေးပွဲ၌ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ချီးမြှင့်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူ အသီးသီးက (၅)ဘာသာဂုဏ်ထူး၊ တစ်ဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့ကြသည်။ ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)

မကွေးတိုင်းဒေသကြီး     


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်