Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


19 Oct,2023

မြစ်ကြီးနား၊ အောက်တိုဘာ ၁၉

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ ငွေဖြင့် မော်ဖောင်း(၁)ကျေးရွာရှိ  ငါးအိုးစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း လီမိတက်တွင် အသင်းသားတောင်သူ ၇၆ ဦး၊ စိုက်ဧကပေါင်း ၁၂၇.၅ ဧကဖြင့် မိုးစပါးများ စိုက်ပျိုးထားရှိသည်။

          မြစ်ကြီးနားမြို့နယ်၊ ပမ္မတီးရပ်ကွက်၊ အနောက်မြောက်ကွင်း၊ ဦးပိုင်အမှတ် ၅၅/၄ အသင်း သားတောင်သူ ဦးချစ်ရွှေပိုင်လယ် ၁၈ ဧကတွင် GW-11 မျိုး ၅ ဧက၊ မှော်ဘီ-၂ မျိုး ၁၃ ဧက စိုက်ပျိုး ထားရှိသည်။ အဆိုပါစပါးများအနက်မှ GW-11 စပါးပင်များမှာ ရက်ပေါင်း ၇၅ ရက်သားရှိနေပြီး နိုဝင်ဘာလလယ်တွင် ရိတ်သိမ်းသွားမည်ဖြစ်ကြောင်းနှင့် တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းတင်း ၁၀၀ ကျော်ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

          အဆိုပါ အသင်းသားတောင်သူဦးချစ်ရွှေ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေကို ပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ချောစုလှိုင်က မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ နှင့်ဝန်ထမ်းများအတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်