Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားတောင်သူများအတွက် မိုးစပါးစိုက်ပျိုးရေး(မြစိမ်းရောင်)စီမံကိန်း မတည်ငွေ(သွင်းအားစု)ပေးအပ်ပွဲ ကျင်းပ


19 Oct,2023

မြိတ် အောက်တိုဘာ ၁၈

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အသင်းသားတောင်သူ များအတွက် မိုးစပါးစိုက်ပျိုးရေး(မြစိမ်းရောင်)စီမံကိန်းမတည်ငွေ(သွင်းအားစု)ပေးအပ်ပွဲ အခမ်းအနား ကို မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ တိုင်းအဆင့်/ခရိုင်အဆင့်/မြို့နယ်အဆင့် ချေးငွေကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အသင်းသားတောင်သူများတက်ရောက်ခဲ့သည်။

အဆိုပါ ပေးအပ်ပွဲတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေက ပံ့ပိုးငွေပေးအပ်ရခြင်းအကြောင်း ရှင်းလင်းအမှာစကားပြောကြားခြင်း၊ အသင်းသား တောင်သူများသို့  သွင်းအားစုများထောက်ပံ့ပေးအပ်ခြင်း၊ မြိတ်ခရိုင်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက လိုအပ်သည်များ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းမြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ်၊ သစ်ယာဝ ကျေးရွာအုပ်စုရှိ အသင်းသားတောင်သူ ၉၁ ဦးသို့ စိုက်ဧက ၁၅၄၀ အတွက် တစ်ဧကလျှင် နှစ်သိန်း နှုန်းနှင့်ညီမျှသည့် သွင်းအားစုများကို ပံ့ပိုးပေးခဲ့သည်။ အဆိုပါပံ့ပိုးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၃၀၈ သန်းဖြင့် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်