Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး တာချီလိတ်မြို့နယ် တာကြန့်(Smart Village) ကျေးရွာ သွားရောက် ကြည့်ရှုစစ်ဆေး


18 Oct,2023

နေပြည်တော် ၊ အောက်တိုဘာ(၁၇)

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိ သူများ လိုက်ပါလျက် ရှမ်ပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ပြီး ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန (၄)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ မူဝါဒ၊လုပ်ငန်းစဉ်များကို မူဝါဒ လုပ်ငန်းစဉ်များကို အောင်မြင်အောင်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဝန်ထမ်းများ သက်သာချောင်ချီရေး အတွက် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးရန်၊ မိမိဘဝတိုးတက်ရေးအတွက် အခွင့်အလမ်း များရှာဖွေကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့နယ်တွင် ခေတ်မှီစံပြကျေးရွာ (Smart Village) အကောင်အထည်ဖော်ဆောင်ရွက်နေသော တာကြန့်ကျေးရွာသို့ ‌ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်ဝေ၊ တာချီလိတ် မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းက ခေတ်မှီစံပြ စီမံကိန်းအား ကဏ္ဍ(၆)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။ ယင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်း များအား ဘဏ္ဍာနှစ်အလိုက် အချိန်မှီပြီးစီးရေးနှင့် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လျာထားဆောင်ရွက်သွားရေး၊ ကျေးရွာနေ တောင်သူများ၏ လယ်ဧက(၁၂၀)တွင် အထွက် တိုးစပါးမျိုးများ စိုက်ပျိုး‌ရေး၊ ဒေသနှင့်ကိုက်ညီသော ဝါးလက်မှုလုပ်ငန်း နည်းပညာများကို ပိုမိုသင်ကြားပေးရေး မှာကြားခဲ့သည်။

          ၎င်းနောက် အ‌သေးစားစက်မှုလက်မှုဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းအရ တာချီလိတ်မြို့နယ် တာကြန့်ကျေးရွာတွင် ဖွင့်လှစ် သင်ကြားပေးခဲ့သော အခြေခံစက်ချုပ်သင်တန်းမှ ထူးချွန်သူ (၅)ဦးအား အပ်ချုပ်စက်၊ ဓါးစက်၊ဘီတင်စက်၊ ကြယ်သီးထုတ်စက် အပါအဝင် ပစ္စည်း(၇)မျိုးကို လည်းကောင်း၊ တောင်သုံးလုံးကျေးရွာ ဆိုင်ကယ်ပြင် သင်တန်းမှ ထူးချွန်သူ(၅)ဦးအား Air Compressor ၊ ဖိအားမြှင့်ရေဖြန်းစက်၊ Battery အားသွင်းစက်၊ လက်ကိုင်ဖောက်စက်အပါအဝင် ပစ္စည်း(၇)မျိုးကိုလည်းကောင်း ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ခေတ်မှီစံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် ကျေးလက်ကုန်ထုတ်လမ်း (၁/၀)မိုင် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက် တွင် လူထုအသိပညာပေး လုပ်ငန်းများအတွက် Wifi တပ်ဆင်မှု ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ပေးနေမှု ကို လည်းကောင်း၊ အိမ်တိုင်ရာ ရောက်ရေပေး‌ဝေနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ရန်ပုံငွေ ဖြင့်ဆိုလာရေတင်စနစ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မိုင်းဖြတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော အိုက်လုံ-အိုက်မှု ကျေးရွာချင်းဆက်ကျောက်ချောလမ်း(၁/၀)မိုင် ဆောင်ရွက်နေမှုအခြေအနေ အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆိုပါလမ်းသည် ပတ်ဝန်းကျင် ကျေးရွာ(၆)ရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် အကျိုးပြုလျက်ရှိ သောကြောင့် ကျန်ရှိသောလမ်းပိုင်းအား ဘဏ္ဍာနှစ်အလိုက် ဆက်လက်လျာထားအကောင်အထည်ဖော်ဆောင်ရွက်သွားရေးမှာကြားပြီး လမ်းဖောက် လုပ်ပြီးစီးမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm