Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှိုင်းဘွဲမြို့နယ် စိန်မြရံကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး


17 Oct,2023

လှိုင်းဘွဲ   အောက်တိုဘာ   ၁၇

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် သမ္ဘာန်ကျေးရွာအုပ်စု၊ စိန်မြရံ ကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို အောက်တိုဘာ ၁၆ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက သောက်သုံးရေ ရရှိရေး ကော်မတီဝင်များနှင့်အတူ စိန်မြရံကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ ရေရည်တည်တံခိုင်မြဲရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

စိန်မြရံကျေးရွာ၌  ရေရရှိရေးအတွက် အကျယ် လေးလက်မ၊ အနက်ပေ ၂၀၀ ရှိ စက်ရေတွင်း တူး‌ဖော်ခြင်း၊ အလျား ငါးပေ၊ အနံ ငါးပေ၊ အမြင့် ခုနှစ်ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၂၀ ဒသမ ၄၅၉သန်း ဖြင့် သုခရတီကုမ္ပဏီက  မေလ စတုတ္ထပတ်က စတင်ဆောင်ရွက် ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သောကြောင့် အဆိုပါကျေးရွာရှိ အိမ်ခြေ ၄၆အိမ်၊ လူ ၂၉၁ဦးနှင့် ကျွဲ၊ နွား၊ တိရိစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိနေပြီဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm