ဆင်ပေါင်ဝဲ အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သမန်းကြီး-ကုက္ကိုစမ်း-ညံတောအင်း ကျေးရွာချင်းဆက်လမ်းဖောက်လုပ်နေမှုကို အောက်တိုဘာ ၁၆ ရက် နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပန်သုမောင်နှင့် တာဝန်ရှိသူများက ဆင်ပေါင်ဝဲမြို့နယ် သမန်းကြီး-ကုက္ကိုစမ်း-ညံတောအင်း ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါ သမန်းကြီး-ကုက္ကိုစမ်း- ညံတောအင်း ကျေးရွာချင်းဆက်လမ်းအရှည် သုံးမိုင် ခြောက်ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မ မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၁၂၆ ဒသမ ၉ သန်းဖြင့် Victory Smile Family ကုမ္ပဏီက ဩဂုတ်လတတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပန်သုမောင်ထံမှ သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက သမန်းကြီးကျေးရွာ၊ ကုက္ကိုစမ်းကျေးရွာ၊ ညံတောအင်းကျေးရွာအပါအဝင် ကျေးရွာငါးရွာရှိ အိမ်ခြေ ၁၃၂၃ အိမ်၊ လူဦးရေ ၅၆၇၃ ဦးတို့ ရာသီမရွေးသွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ လူမှုရေးကိစ္စများတွင် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ကိုလှိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်