Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကန်(၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးကုန်ထုတ်သမဝါယမအသင်း၏ ငါးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု


17 Oct,2023

နေပြည်တော် အောက်တိုဘာ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်သို့ သွားရောက်ပြီး ကန်(၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးကုန်ထုတ်သမဝါယမအသင်း ငါးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရအား ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ကန်(၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေး ကုန်ထုတ်သမဝါယမ အသင်းအမှုဆောင်များက  အသင်း၏ ရည်မှန်းချက်များ၊ ရေတင်ဧရိယာ (၃၄၈) ဧက၌ နှစ်စဉ် ငါးသားပေါက်များထုတ်လုပ်နိုင်မှု အခြေအနေများ၊ အုပ်ချုပ်ရေးကန်နှင့် ထုတ်လုပ်ရေးကန်များတွင် ငါးမွေးမြူထုတ်လုပ်နိုင်မှု အခြေအနေများ၊ အသင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်နိုင်မှုနှင့် ထောက်ပံ့ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက မူလငါးမွေးမြူရေးလုပ်ငန်းအပြင် တစ်ဦးချင်းအစုပေါ် အမြတ်ငွေတိုးပြီး ရေရှည် ရပ်တည်နိုင်ရေးအတွက် ငါးမွေးမြူရေးနှင့် အစာတောင့်လုပ်ငန်းကို တိုးချဲ့ ဆောင်ရွက်စေလိုကြောင်း၊ လက်ရှိသမဝါယမအသင်းပိုင် (၃၄၈) ဧကရှိသည့် ငါးကန်မြေဧရိယာသည် အခြားသော ပုဂ္ဂလိက ငါးကန်များလည်း အသင်းပိုင်မြေဧရိယာ၏ ပတ်ဝန်းကျင်တွင် တည်ရှိ နေပြီး မွေးမြူရေးဇုန်တစ်ခုသဖွယ် ဖြစ်နေသောကြောင့် လျှပ်စစ်မီးအမြန်ရရှိရေး ညှိနှိုင်းဆောင်ရွက် ပေးသွားရန်မှာကြားလိုပါကြောင်း၊        အဓိကငါးမွေးမြူရေးလုပ်ငန်းအပြင် နွေစပါးစိုက်ဧက (၃၂) ဧက စိုက်ပျိုးနိုင်မည့် အတွက် အထွက်တိုးစပါးမျိုးများဖြစ်သည့် GW-11 ၊ GW-18 ၊ ဆာဖိုးသာ၊ နှံကောက်ထွန်း အစရှိသည့် အထွက်တိုးစပါးမျိုးများ ရရှိနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်ကူညီမှုပေးသော ငါးအစာအတွက် အစ္စရေးမြက်နု တစ်မျိုးဖြစ်သည့် တိကုရန်မြက်မျိုးအား အောင်မြင်အောင်စမ်းသပ် စိုက်ပျိုးရန်မှာကြားလိုပါကြောင်း၊ အသင်းသားများ၏ သားသမီးများ ပညာရေးအတွက် တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်အလိုက် ထောက်ပံ့ပေးနေမှု များကို ပိုမိုထောက်ပံ့ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် သမဝါယမစီမံ ခန့်ခွဲမှုပညာတက္ကသိုလ်များ၊ ကောလိပ်များတွင်လည်း မိမိတို့သားသမီးများ ချိတ်ဆက်၍ ပညာဆည်းပူးနိုင်ရေး စီမံဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပြီး ငါးမွေးမြူထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန လေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ဒုတိယဝန်ကြီးက ဌာနအလိုက် တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးကို အလေးထားဆောင်ရွက်ပေးသွားရန်၊ မကြာခဏ ဝန်ထမ်း ဆန္ဒဖော်ထုတ်ပွဲများပြုလုပ်၍ ဝန်ထမ်းများ၏ အခက်အခဲများကို နားထောင်၍ တာဝန်ရှိသူများက ကူညီဖြေရှင်းပေးရန်နှင့် ဌာနတွင်း စည်းလုံး ညီညွတ်ရေးကို တည်ဆောက်သွားရန်မှာကြားလိုပါ ကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်ရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းကြရန် တိုက်တွန်းမှာကြားခဲ့ပြီး ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm