လေးမျက်နှာ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ကျေးရွာချင်းဆက် လမ်းနှင့်တံတားများ လုံခြုံချောမွေ့ စေရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေ ၁၆၁ ဒသမ ၃ သန်းဖြင့် ခတ္တူ-ခုံကြီး-ခြောက်ဆယ်-ရိုးကြီးလမ်းပေါ်ရှိ ခုံကြီးတံတား Bored Pile တူးပြီး သံခြင်းချနေမှုအား ဦးစီးအရာရှိ(မြို့ပြ) ဦးမြင့်လင်းက ကွင်းဆင်းကြီးကြပ်သည်။
အဆိုပါတံတားသည်အရှည်ပေ ၂၂၀၊ အကျယ်ပေ ၂၀၊ သုည ဒသမ ၈ မီတာအချင်းရှိ ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ်ထိပ်အုပ်နှင့် ကိုယ်ထည်၊ သံကူကွန်ကရစ်ရက်မနှင့် ကြမ်းခင်းအမျိုးအစားဖြစ်ကာ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် ၄၄ တန်ခံနိုင်ဝန်ရှိပြီး စီမံကိန်းကာလမှာ သုံးနှစ်ခန့်ကြာမြင့်နိုင်သည်။ တံတားကြီးပြီးစီးသွားပါက ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၂၀၉၄ အိမ်နှင့် လူဦးရေ ၉၂၆၈ ဦးတို့ အကျိုးပြုနိုင်ကြောင်း သိရသည်။
တင်ရွှေ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်