Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြို့နယ်၊ တံတားဦးကျေးရွာတွင် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်


16 Oct,2023

နေပြည်တော်၊ အောက်တိုဘာ ၁၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ ဘေးဒဏ်သင့်ပြည်သူများ အတွက် ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်း အကောင်ထည်ဖော်မည့် လယ်ဝေးမြို့နယ်၊ တံတားဦးကျေးရွာတွင် စက်ချုပ်လုပ်ငန်းလုပ်ကိုင်မည့်သူ (၁၅)ဦးအား စက်ချုပ်နည်းပညာသင်ကြား ပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦး​မြင့်စိုး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)ဒေါ်ငြိမ်းအေး နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် MSME အသင်းမှ တာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက် ရောက်ကြသည်။

              အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦး​မြင့်စိုးကသင်တန်းဖွင့်အမှာစကား ပြောကြားရာ နိုင်ငံတော်အစိုးရအနေဖြင့် ဘေးဒဏ်သင့်ပြည်သူများအတွက် အချိန်တိုအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်ရန် ယခုကဲ့သို့နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို အသုံးပြုခွင့်ရအောင် ဆောင်ရွက်ပေးသည့်အတွက် ဆုံးရှုံးသွားသည့် စီးပွားရေးလုပ်ငန်းများနေရာတွင် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ခြင်းအပြင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွန်းလာပြီး ဒေသပြန်လည်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့် စနစ်တကျလေ့လာသင်ယူသွားကြရန် တိုက်တွန်းပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါ်ငြိမ်းအေးက ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်ရေး အဖွဲ့ဝင်များအား စီမံကိန်းဝတ်စုံများ ပေးအပ်ပါသည်။

          အဆိုပါ ကျေးရွာတွင် စက်ချုပ်နည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာတတ်မြောက်နိုင်ရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ (၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းနှင့် ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm