Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခရမ်းအထွထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမီတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှင့် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝးကျင်းပ


17 Oct,2023

ခရမ်း အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ခရမ်းအထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမီတက်၏ (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှင့် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝးကို အောက်တိုဘာ ၁၃ ရက်နေ့က အဆိုပါအသင်းရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိ ဦးခင်မာင်သိန်းနှင့် ခရမ်းမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်တို့က အမှာစကား ပြောကြားခဲ့ပြီး အသင်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့မှ တင်သွင်းသည့် အစီရင်ခံစာအားဖတ်ကြားရှင်းလင်း ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်ချုပ်စာရင်းနှင့်အကျိုး ငွေခွဲဝေမှုစာရင်းများကို အသင်းဥက္ကဋ္ဌ ဦးအေးကိုက ရှင်းလင်းခဲ့သည်။ ထို့နောက် အသင်းသားစာရင်းစစ်အစီရင်ခံစာကို အသင်းသား စာရင်းစစ်မှ ရှင်းလင်းတင်ပြခဲ့ပြီး အသင်းသားများ၏ အကြံပြုတင်ပြချက်များကို ပြန်လည် ရှင်းလင်းဆွေးနွေး၍ ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့်‌ ရှေလုပ်ငန်းစဉ်ဆုံးဖြတ်ချက်များကို သဘာပတိက အတည်ပြုပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပညာသင်ဆုကြေးများကို အဖွဲ့ဝင်အသင်းသားများကိုလည်းကောင်း၊ ဝန်ထမ်းသားသမီးများအတွက် ပညာသင်ဆုများ ကို ဝန်ထမ်းများထံ မြို့နယ်သမဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်က ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm