Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်မြို့နယ် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ)သမဝါယမအသင်းမှ အသင်းသားများအား စုဆောင်းငွေပေါ် အတိုးများ ပေးအပ်


17 Oct,2023

ရပ်စောက် အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဂျီအီးစီ (ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းအမှုဆောင်အဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ်အတွက် အသင်းသားများ၏ စုဆောင်းငွေအပေါ်အတိုးများကို အောက်တိုဘာ ၁၃ ရက်နေ့က  နယ်မြေအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းတွင် အသင်းသား (၁၀၀၂)ဦးရှိပြီး ၎င်းအသင်းသားများအတွက် စုဆောင်းငွေအပေါ် အတိုးငွေကျပ် (၁၂၈.၇၆၃)သိန်းကို ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းအမှုဆောင် ဒါရိုက်တာ ဒုမြို့နယ်ပညာရေးမှူး ဦးတင်မောင်အုန်းနှင့် တာဝန်ရှိသူများက နယ်မြေအလိုက် နယ်မြေမှူးများမှတစ်ဆင့် အသင်းသားတစ်ဦးချင်းထံသို့ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

ဆုမွန်

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm