Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ်၌အောင်မြင်သာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး


16 Oct,2023

သာစည် အောက်တိုဘာ ၁၆

                 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန  မှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင် ရွက်သည့် အောင်သာကျေးရွာအုပ်စု၊ အောင်မြင်သာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူ များ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်း နှင့် အဖွဲ့သည် အောင်မြင်သာ ကျေး ရွာ ကော်မတီဝင်များနှင့်အတူ လမ်းအရှည် ၇၆၀ ပေ၊လမ်းအကျယ် ၁၂ ပေ ၊ အမြင့် ၆ လက်မ ထုဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပြီး ကွန်ကရစ်လမ်းရေရှည်အသုံးပြုနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော် မတီများအပါအဝင် ကျေးရွာသူ/သားများ စုပေါင်းထိန်း သိမ်းကြရန် ကော်မတီဝင်များကို မှာကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ပါသည်။

        အဆိုပါ အောင်မြင်သာကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ထောက်ပံ့ ရန်ပုံငွေကျပ်(၁၅၀)သိန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်(၄.၅)သန်း စုစုပေါင်းငွေကျပ် (၁၉.၅)သန်း ဖြင့် သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်း ပညာ ပံ့ပိုးမှု ၊ အနီးကပ်ကြီးကြပ်မှုများဖြင့် ကျေးရွာသူ / သားများ ကိုယ်တိုင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာယခုအခါ လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်း (၉၀)ရာခိုင်နှုန်း ဆောင် ရွက် ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးပါက ကျေးရွာရှိ အိမ်ထောင်စု  (၂၀၆)စု၊ လူဦးရေ (၉၈၆)ဦးတို့မှာ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည် ဖြစ်ပြီး၊ ကျေးလက်နေပြည်သူများ၏ စည်းလုံးညီညွတ်မှု ၊ ငွေကြေးစီမံ ခန့်ခွဲမှု စွမ်းရည်များ၊လုပ်ငန်းအပေါ်စီမံခန့်ခွဲနှိုင်မှု နှင့် မိမိတို့ရပ်ရွာတွင် ယခင်က ထက်ဖွံ့ ဖြိုးရေးစိတ်ဓာတ်များတိုးပွားလာမည်ဖြစ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm