ပုသိမ်ကြီး အောက်တိုဘာလ ၁၆ ရက်
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သရက်တပင် ကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာတွင် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့အား (၉.၁၀. ၂၀၂၃) ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည်။
သရက်တပင်ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီးယခု အဌမနှစ်စက်ဝန်းတွင် ကျေးရွာလုပ်ငန်းအဖွဲ့အား ပြန်လည်ဖွဲ့စည်းခြင်း အား ကျေးရွာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ပုသိမ်ကြီးမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်က ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ရွေးချယ်ခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသောကျေးရွာသူ၊ ကျေးရွာသားများအနက် ကျေးရွာလုပ်ငန်းအဖွဲ့အား မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်းသိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်