Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်မြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့်ဆောင်ရွက်သော Steel Structure တည်ဆောက်ခြင်းနှင့် 250Liter/hr ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


16 Oct,2023

 ပြင်ဦးလွင် အောက်တိုဘာလ ၁၆

          ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇေယျာညို ၊ ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိုက်နှင့် ခရိုင်၊မြို့နယ်မှ တာဝန်ရှိ အင်ဂျင်နီယာဝန်ထမ်းများသည် ပြင်ဦးလွင်မြို့နယ် ပန်ဦးတောင်ကျေးရွာ  အုပ်စု၊ဆင်ဖြူအင်းကျေးရွာတွင် စာသင်ကျောင်းဝန်းအတွင်း Steel Structure (၁၅’×၁၀’×၁၁’) တည်ဆောက်ခြင်းနှင့် 250Liter/hr ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းအား အောက်တိုဘာ(၈) ရက်နေ့ တွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ပြင်ဦးလွင်မြို့နယ်၊ ပန်းဦးတောင်ကျေးရွာအုပ်စု၊ ဆင်ဖြူအင်းကျေးရွာ ကျေးရွာစာသင်ကျောင်းဝန်းအတွင်း စီမံကိန်းထောက်ပံ့ငွေ(၁.၅)သန်း၊ ပြည်သူ့ထည့်ဝင်ငွေ(၀.၁၅)သန်း၊ စုစုပေါင်း(၁.၆၅)သန်းဖြင့် Steel Structure (၁၅’×၁၀’×၁၁’) တည်ဆောက်ခြင်းနှင့် 250Liter/hr ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm