Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်တွေမြို့နယ် မောင်နီပြင်ခေတ်မီစံပြကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သည့်လုပ်ငန်းပြီးစီးမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း


16 Oct,2023

စစ်တွေခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦ:စီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစောဝေ (ဒုတိယညွှန်ကြားရေးမှူး ) ၊ စစ်တွေမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီ(လက်ထောက်ညွှန်ကြားရေးမှူး)၊ခရိုင်တာဝန်ခံအင်ဂျင်နီယာ ၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့်အဖွဲ့တို့သည်        ၂၀၂၃−၂၀၂၄ခု ဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်လျှက်ရှိသည့် ပြည်ထောင်စု ခွင့်ပြုငွေ (၁၂.၀၀) ကျပ်သန်း၊ ပြည်သူထည့်ဝင်ငွေ (၁.၀၅)ကျပ်သန်းဖြင့် မောင်နီပြင်ကျေးရွာ သဇင်လမ်း (ရွာလယ်လမ်း)ကွန်ကရစ်ခင်းခြင်း (၃၃၂’x ၁၂’x ၆”) လုပ်ငန်း လုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေးပြီး၊ ၎င်းနောက် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ကျားမသောက်ကျေးရွာတွင်းရှိ ပြည်ထောင်စုခွင်ပြုရန်ပုံငွေ(၅၂.၇၃၉)ကျပ်သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့်  ရွာအလည်လမ်း ကွန်ကရစ်ခင်းခြင်း (၁၀၀၀’x ၁၂’x ၆”)လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm