Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဗြင်ကြီးအုပ်စု၊ကျွဲတပ်ကျေးရွာတွင်VDPစီမံကိန်းဖြင့်ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


16 Oct,2023

ဝမ်းတွင်း အောက်တိုဘာ ၁၆

ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း  (VDP)ဖြင့်    ဆင်ချီတိုင်အုပ်စု၊    ဆားတောင်ကျေးရွာ၊ ဗြင်ကြီးအုပ်စု၊   ကျွဲတပ်ကျေးရွာ၊  ရာသင်္ချာအုပ်စု၊  ရာသင်္ချာကျေးရွာ၊  တောင်ဘိုအုပ်စု၊    တောင်ဘို ကျေးရွာ၊  ရွှေတောင်အုပ်စု၊  ရွှေဂံကျေးရွာ၊  ထီးလှိုင်အုပ်စု၊  ထီးလှိုင်(န) ကျေးရွာတို့တွင်  နိုင်ငံတော် ထောက်ပံ့ငွေ(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ (၄.၅)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျှက် ရှိပါသည်။

တောင်ဘိုကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဦးစီးအရာရှိ(နည်း) ဒေါ်ခိုင်ခိုင်စိုး တို့မှ ဗြင်ကြီးအုပ်စု၊ ကျွဲတပ်ကျေးရွာ တို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်တွေ့ဆုံကာ ကွန်က ရစ်လမ်းခင်းရာတွင် သတ်မှတ်စံချိန်စံ ညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်လို ကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

ဗြင်ကြီးအုပ်စု၊ကျွဲတပ်ကျေးရွာတို့တွင်(VDP)စီမံကိန်းအား နိုင်ငံတော်ထောက်ပံ့ငွေ (၁၅)သန်း  ပြည်သူထည့်ဝင်ငွေ(၄.၅)သန်း စုစုပေါင်း(၁၉.၅)သန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း (၇၅၀¢x၁၂¢x၀¢-၆²) တို့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။   ယခုအခါ  ကျွဲတပ်ကျေးရွာတွင်  ကွန်ကရစ် လမ်းခင်းခြင်းမှာ လမ်းပေရှည်(၇၀၀¢)ခန့် ဆောင်ရွက်ပြီးစီးပြီးဖြစ်၍  ရာခိုင်နှုန်းအားဖြင့် (၉၀%)ပြီးစီး  ပြီးဖြစ်ပါသည်။  အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးပါက  ဗြင်ကြီးအုပ်စု၊ကျွဲတပ်ကျေးရွာရှိ အိမ်ခြေ (၁၈၆)အိမ်၊လူဦးရေ(၆၃၇)ဦးအား အကျိုးပြုမည်ဖြစ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm