Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ် ဆည်ကြီးကျေးရွာမြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) အရင်းငွေပြန်လည်ထုတ်ချေးခြင်း


16 Oct,2023

မလှိုင် အောက်တိုဘာ ၁၆

                    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွား လာပြီး ဆင်းရဲမှုလျော့ချစေရန် ရည်ရွယ်၍ ရေချိုဘူတာကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာ၌  မြစိမ်း ရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့်လုပ်ငန်း ကို အရင်းငွေ(ဒုတိယအကြိမ်)ပြန်လည်ထုတ်ချေးခြင်းကို  ယနေ့နံနက်ပိုင်းကတာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစု နှင့် ဝန်ထမ်းများက  မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များနှင့် အသင်းသား၊ အသင်းသူများကို တွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကျပ် သန်း(၃၀)ဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် လအလိုက် ဖြည့်သွင်း ရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်စုစုက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          မလှိုင်မြို့နယ် ရေချိုဘူတာကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာ၌  နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများ လိုအပ် လျက်ရှိသော မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ သုံးစွဲနိုင်ရန် စိုက်ပျိုးရေးလုပ်ငန်းဖြင့် (၆၈)ဦး ထုတ်ချေးငွေ ကျပ်သန်း(၂၀.၅) ဒုတိယအကြိမ်ပြန်လည်ထုတ်ချေး ခြင်းအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များနှင့် တွေ့ဆုံ ကာ မြစိမ်းရောင်ချေးငွေဖြင့် လုပ်ငန်းများအမှန်တကယ်ဆောင်ရွက်သွားကြပါရန် ဆွေးနွေးပြောကြား ခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm