Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ် မုန်တိုင်အုပ်စု၊ လဲတောကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


16 Oct,2023

မန္တလေး အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မုန်တိုင်အုပ်စု၊ လဲတောကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းအချိန်က ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများမှ မိတ္ထီလာမြို့နယ်၊ မုန်တိုင်အုပ်စု၊ လဲတောကျေးရွာ ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နောက် ခရိုင်ဦးစီးမှူးမှ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးအောင်အလေးထား ဆောင် ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

မိတ္ထီလာမြို့နယ် မုန်တိုင်အုပ်စု၊ လဲတောကျေးရွာ လမ်းအရှည်၅၅၀ပေ၊ အကျယ်၁၂ပေ၊ အမြင့် ၆လက်မထုရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ်(၁၅)သန်းမှ (၁၀.၁၇)သန်း၊ ပြည်သူထည့်ဝင်ငွေ(၃.၈၃)သန်း၊ စုစုပေါင်းငွေကျပ်(၁၄)သန်း ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ နည်းပညာပံ့ပိုးကူညီပံ့ပိုး ကာ ကျေးရွာသူ/သားများကိုယ်တိုင် ယခုနှစ်စက်တင်ဘာလ ပထမအပတ်ကစတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ (၇၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးပါက လဲတောကျေးရွာရှိ အိမ်ခြေ(၉၇)၊ အိမ်ထောင်စု (၁၀၇)၊ လူဦးရေ(၅၉၀)ဦးတို့ ရာသီမရွေးသွားလာရေးအဆင်ပြေလွယ်ကူမည် ဖြစ်ပြီး လူမှုရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင်လည်း အကျိုးပြုသွားမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းမှ ပြောပြ၍သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm