Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဉီးခရိုင်၊ တံတားဦးမြို့နယ် နွားတပ်ကျေးရွာ၌ VDPစီမံကိန်းဖြင့် သန့်ရှင်းသောသောက်သုံးရေရရှိရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး


16 Oct,2023

တံတားဦး အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေဖြင့် အောင်သာကျေးရွာအုပ်စု၊ နွားတပ်ကျေးရွာတွင် သန့်ရှင်းသောသောက်သုံးရေရရှိရန် ဆောင်ရွက်နေမှုအား  ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

                        ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် တံတားဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်း၊ ခရိုင်/မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်များနှင့်အတူ နွားတပ်ကျေးရွာ၌ ဆိုလာရေသန့်စင်စက်တပ်ဆင်ခြင်း၊ ဂါလံ(၂၄၀၀)ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်းနှင့် (၂)လက်မ(PVC)ရေပိုက် အရှည်(၂၀၀၀)ပေဖြင့် အိမ်သွယ်ရေတိုင်စနစ် ဆောင်ရွက်နေခြင်းများကို ကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်းက သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ မှာကြားခဲ့ပါသည်။

          တံတားဦးမြို့နယ် နွားတပ်ကျေးရွာ၌ ယခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၅၀)၊ ပြည်သူထည့်ဝင်ငွေကျပ်(၄)သိန်းဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ကြသည့်အပေါ်  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနဝန်ထမ်းများက နည်းပညာပံ့ပိုးပေးပါကြောင်း၊  အဆိုပါလုပ်ငန်းများကို စက်တင် ဘာလဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ (၇၂)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း၊ လုပ်ငန်းများအားလုံးပြီးစီးပါက အောင်သာကျေးရွာအုပ်စု၊ နွားတပ်ကျေးရွာရှိ အိမ်ခြေ (၃၀၅)၊ လူဦးရေ(၁၂၆၅)ဦးတို့ သန့်ရှင်းသောက်သုံးရေ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ဉီးစီးအရာရှိ(နည်းပညာ) ဒေါ်ထိုက်ထိုက်ပြည့်ဖြိုးလွင်မှ ပြောပြ၍ သိရသည်။         


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm