Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဦးမြို့နယ် မြင်းသည်ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေစီမံကိန်းကျေးရွာ လုပ်ငန်းအဖွဲ့ ပြန်လည်ဖွဲ့စည်း


16 Oct,2023

တံတားဦး  အောက်တိုဘာ  ၁၆                                                        

မန္တလေးတိုင်းဒေသကြီး၊တံတားဦးခရိုင်၊တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကျေးလက်နေပြည်သူများ၏အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုငွေတိုးပွားခြင်းဖြင့်ကျေးလက်ဒေသများတွင် ဆင်းရဲမှုလျော့ကျနိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင် ရန်ပုံငွေစီမံကိန်းကျေးရွာ လုပ်ငန်းအဖွဲ့ပြန်လည်ဖွဲ့စည်းခြင်းကိုယနေ့နံနက်ပိုင်းက မြင်းသည်ကျေးရွာဓမ္မာရုံ၌  ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

          ရှေးဦးစွာ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်ဟန်စုနိုင်ကမြစိမ်းရောင်စီမံကိန်းရည်ရွယ်ချက်များ၊လုပ်ငန်းစဉ်များရှင်းလင်းခြင်း၊ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့  ဖွဲ့စည်းရသည့်စည်းကမ်းချက်များ၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါ ကျေးလက်နေပြည်သူများ၏  တာဝန်များ၊ ရပိုင်ခွင့်များရှင်းလင်းပြောကြားသည်။

          ထို့နောက်မြင်းသည်ကျေးရွာရှိမြစိမ်းရောင်ရန်ပုံငွေစီမံကိန်းကျေးရွာလုပ်ငန်းအဖွဲ့ဝင် ခုနှစ်ဦးကို ကျေးရွာသူ၊ ကျေးရွာသားများက ရွေးချယ်ဖွဲ့ စည်းခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm