Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး


16 Oct,2023

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာ၌ ကွန်ကရစ် လမ်းခင်းခြင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရန် အောက်တိုဘာလ(၁၁)ရက် က မြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြ ကြောင်း သိရသည်။   

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းသန်း၊ တိုက်ကြီးခရိုင်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်၊ တိုက်ကြီးမြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာရွှေနှင့်အဖွဲ့သည် တော်လတီကျေးရွာ၌ ယခုဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးခွင့်ပြုငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းနှင့်မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မည့် မြေပြင်အခြေအနေ ကိုကွင်းဆင်းကြည့်ရှု့စစ်ဆေးသည်။

          ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာလမ်းကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

            အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းနှင့်မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက တော်လတီကျေးရွာရှိ အိမ်ခြေ(၄၂၄)အိမ်၊ အိမ်ထောင်စု(၄၃၄)စု၊ လူဦးရေ(၁၈၄)ဦးတို့ အတွက်  လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့ကာ ရာသီမရွေး သွားလာနိုင်မည်ဖြစ်သည့်အပြင် ဒေသထွက်ကုန်များကိုလည်း ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာ သယ်ယူပို့ဆောင်နိုင် မည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm