Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးညှင်းမြို့နယ် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု


13 Oct,2023

မိုးညှင်း၊ အောက်တိုဘာ ၁၃

          ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုး ငွေရယူ၍    မိုးစပါး စီမံကိန်းဆောင်ရွက်လျက်ရှိသော ကျေးရွာ ၆ ရွာ၊ အသင်း ၆ သင်း၊ အသင်းသား တောင်သူ ၄၅၃ ဦး၊ စိုက်ဧက ၄၂၄၉ ဧကတွင် ဆင်းဧကရီ(၃)စပါးမျိုးနှင့် GW-11 စပါးမျိုး ၄ ဧက ကိုလည်း ၆ တန်း ၁ တန်းလှပ်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုးထားလျက်ရှိသည်။

               အဆိုပါမိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေ ဖြင့် မိုးစပါးစိုက်ပျိုးဆောင်ရွက်နေသည့် နေကြာစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမ အသင်းရှိ အသင်းသားတောင်သူ ၇၈ ဦး၏ စိုက်ဧကပေါင်း ၄၈၀ ဧက အနက်မှ အသင်းသား တောင်သူဦးပွဲအောင်၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အထွက်နှုန်းကောင်းမွန်ရေးနှင့် လေလွင့် ပျက်စီးမှုနည်းစေရေး ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။       


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်