Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်


13 Oct,2023

နေပြည်တော် အောက်တိုဘာ ၁၂

            အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အခြေခံနှင့် မွမ်းမံ စက်ချုပ်နည်းပညာသင်တန်းသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းထူထောင် လိုသူ ထူးချွန်သူသင်တန်းသား(၅)ဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒဏ္ခိဏခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းသားများနှင့် ရပ်မိ ရပ်ဖများ တက်ရောက်ကြပါသည်။

            အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန် အသက်မွေးဝမ်းကျောင်းပညာများ လေ့ကျင့်သင်ကြားပေးခြင်း၊ အားပေးကူညီခြင်းဖြင့် ထွက်ရှိလာသော ကုန်ပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ စနစ်တကျ လုပ်ငန်းမှတ်ပုံတင်ပေးခြင်းများကို ဆောင်ရွက်နေသည့် ဌာနတစ်ခု ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာ နှစ်တွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် ပုံမှန်ဖွင့်လှစ်နေကျ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု သင်တန်းများအပြင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းသင်တန်းများကိုပါ တိုးမြှင့်ဖွင့် လှစ်လျက်ရှိပါကြောင်း၊ ၎င်းဝင်ငွေတိုးစီမံကိန်း သင်တန်းများကို ဖွင့်လှစ်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်အသီးသီးက  ကျေးရွာပေါင်း (၁၅၅)ရွာကိုရွေးချယ်ပြီး ဒေသအလိုက်ပေါများစွာ ထွက်ရှိသည့် ကုန်ကြမ်းများအပေါ် မူတည်၍ သော်လည်းကောင်း၊ ဒေသခံများ၏ လိုအပ်ချက် အရ သော်လည်းကောင်း သင်တန်းအမျိုးအစားအလိုက် ရွေးချယ်ဖွင့်လှစ်ပေးပါကြောင်း၊ ရည်ရွယ်ချက် အနေဖြင့် အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေ တိုးပွားရေးဆောင်ရွက်လိုသော အမျိုးသမီးများ၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှု မရှိခဲ့သည့် လူငယ်လူရွယ်များကို အသက်မွေး ဝမ်းကျောင်း ပညာရပ်များ သင်ကြားတတ်မြောက်စေပြီး အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်စေရန်အတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဟာ နိုင်ငံ့ပွားရေးအတွက် အဓိကမောင်းနှင်အားများ ဖြစ်သည့်အတွက် MSME လုပ်ငန်းများကို အားပေးကူညီခြင်းက မိမိတို့ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရာ ရောက်ပါကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာလျှင်  နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်မည်ဖြစ်ပါကြောင်း၊ ယခု ရန်အောင်မြင် ကျေးရွာအုပ်စု၌ ဒေသခံများ၏ လိုလားချက်အရ ဖွင့်လှစ်ပေးခဲ့သော အခြေခံနှင့်မွမ်းမံစက်ချုပ်နည်း ပညာသင်တန်းကို တက်ရောက်ခဲ့ကြသည့် မိသားစု တစ်ခု၏ပဲ့ကိုင်ရှင် အမျိုးသမီးများသည် အိုးမကွာ အိမ်မကွာဖြင့် အောင်မြင်သော ကိုယ်ပိုင်လုပ်ငန်း ငယ်များထူထောင်ပြီး မိသားစု ဝင်ငွေ တိုးတက်လာအောင် ကြိုးစားကြမည်ဟု  ယုံကြည်ပါကြောင်း၊ ကျေးလက်နေ ပြည်သူတစ်ဦးချင်း စီကို အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားတတ်မြောက်စေပြီး အောင်မြင်သောကိုယ်ပိုင် လုပ်ငန်းငယ်များ ပေါ်ထွက်လာစေရန်မှာ မိမိတို့၏ မျှော်မှန်းချက်ဖြစ်ပါကြောင်း၊ ယခုစီမံကိန်း လုပ်ငန်းများ၌ လုပ်ငန်းထူထောင်နိုင်စေရန်အတွက် သင်တန်းဆင်းများထဲမှ ထူးချွန်သူ(၅)ဦးကို သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းထူထောင် အောင်မြင်ပြီး အမှန်တကယ် မိသားစုဝင်ငွေတိုးလာစေရန်၊ ဈေးကွက်ဖော်ဆောင်နိုင်ပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက် လာစေရန်တို့အတွက်  မိမိတို့အနေဖြင့် အများကြီး မျှော်လင့်ထားပါကြောင်း၊ ဒေသခံပြည်သူ များအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး များကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ခြင်း၊ ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်လာနိုင်ပြီး နိုင်ငံတော် အနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

            ထို့နောက် သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသား များကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ကြရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အပ်ချုပ်စက်အား လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဓားစက်ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဘီတင်စက်အားလည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇယျာလင်းက ထုပ်သီးရိုက်စက်အား လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က မီးပူ၊ စားပွဲနှင့် ထိုင်ခုံများအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်အပ်ခဲ့ပြီးနောက် သင်တန်းသူများ ချုပ်လုပ်ထားသော အဝတ်အထည်များနှင့် နေပြည်တော် MSMEအဖွဲ့များမှ ခင်းကျင်းပြသထားသော ဒေသထွက်ကုန်များအား ကြည့်ရှု့အားပေးခဲ့ပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပျဉ်းမနားမြို့နယ်၊ မြောက်လွှတ်ကုန်းကျေးရွာတွင် မွေးမြူထားသော အသားတိုးဝက် (DYL) မွေးမြူ ထားရှိမှု အခြေအနေများအားလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ မွေးမြူထားရှိသော အသားတိုးကြက်မွေးထားရှိမှုအခြေအနေများအားလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ မွေးမြူထားသော အသားတိုးဝက်နှင့် နိုးစားနွားများ မွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မွေးမြူ ထားသော တိရစ္ဆာန်များ တိရစ္ဆာန်ရောဂါများမကျရောက်စေရေ လိုအပ်သည့် ကာကွယ်ဆေး ထိုးနှံခြင်းများအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ အချိန်မီထိုးနှံထားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm