Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမပညာရပ်များ သင်ကြားနိုင်ရေး ကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ


13 Jun,2022

နေပြည်တော် ဇွန် ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ သမဝါယမဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ်မြို့နယ်၊ သမဝါယမ အသင်းစု၏ ဆန်စက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်း ဆောင်ရွက်နေမှုတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ကျောင်းအုပ်ဆရာမကြီးမှ သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သင်တန်းကျောင်း၏ ကွန်ပျူတာခန်းမနှင့် စာသင်ဆောင်များ၊ သင်တန်းသား/သူများ၏ အိပ်ဆောင်များ၊ စားရိပ်သာ၊ ရေချိုးခန်းများနှင့် သန့်စင်ခန်းများ ဆောင်ရွက်ထားမှုအခြေအနေများ အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) အား ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အခြေခံအဌမတန်းအောင်မြင်ပြီးသူများ တက်ရောက်နိုင်မည်ဖြစ်ကာ သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။ လက်ရှိကျောင်းအပ်နှံထားသူဦးရေမှာ ကျား ၂၉ ဦး၊ မ ၄၉ ဦး၊ စုစုပေါင်း (၇၈) ဦးရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ လေးတိုင်စင်ကျေးရွာအုပ်စု၊ စိုင်ကြံတောင်တဲတိုက်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာရှိ အိမ်ခြေ (၁၅၉) အိမ်၊ လူဦးရေ (၆၉၈) ဦးအတွက် အကျိုးပြုစေမည့် ဆိုလာစနစ်ဖြင့် သောက်သုံးရေ ရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm