မင်းလှ အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းများအား လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကျေးလက်လမ်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့က အောက်တိုဘာ ၁၅ ရက်က ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ လမ်းများကို တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် လုပ်ငန်းလေးခု၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လုပ်ငန်းသုံးခု ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီရိဖြိုးဝေဝင့်နှင့် သရက်ခရိုင် လုပ်ငန်းအရည်အသွေးစစ်ဆေးရေး တာဝန်ခံအင်ဂျင်နီယာ ဦးခိုင်မင်းစိုးတို့က ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်