Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


13 Oct,2023

နေပြည်တော် အောက်တိုဘာ ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ ညနေပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်း မြို့နယ် အင်ဘက်ကုန်းကျေးရွာနှင့် သဲဖြူကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင် တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် တပ်ကုန်းမြို့နယ်၊ အင်ဘက်ကုန်းကျေးရွာသို့ သွားရောက်သို့ရောက်ရှိပြီး တပ်ကုန်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်း သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန ဦးစီးမှူးနှင့် အသင်းအမှုဆောင်များက အသင်းသားတောင်သူ ၂၆ ဦးတို့၏ စိုက်ပျိုးဧက ၄၄ ဧကကျော်ပေါ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၁ ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်း နှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဈေးကွက် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်မှာ တောင်သူများ၏ တာဝန် တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ လက်ရှိစိုက်ပျိုး နေသော စပါးမျိုးများအပြင် အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုး ကြစေလိုကြောင်း၊ တစ်ဧက အထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူများ ဝင်ငွေတိုးပွားနိုင်မည် ဖြစ်ပြီး လိုအပ်သည့် စိုက်နည်းစနစ်၊ စိုက်ပျိုးရေ ရရှိရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ် (၃)သီး စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာတောင်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေမှာဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြဖို့တိုက်တွန်းမှာကြားလိုပါကြောင်း၊ နွေစပါးနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ ငွေများကို သီးနှံပေါ်လျှင်  သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန် တိုက်တွန်း မှာကြားပါသည်။ ဆက်လက်ပြီး ကျေးရွာအသင်းသား တောင်သူများ၏စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးပြီးနောက် သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသော မိုးစပါးများ စိုက်ပျိုး ဖြစ်ထွန်းအောင်မြင် နေမှုများကို ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် တပ်ကုန်းမြို့နယ်၊ ထန်းတောကြီး ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာသို့ ရောက်ရှိပြီး စနစ်ကျလယ်ယာမြေ ၁၃၉ ဧကပေါ်တွင် ကျေးရွာသမဝါယမအသင်းသားများ၊ ကျေးရွာတောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ပျိုး ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ဖြင့် မွေးမြူထားသော ဝက်မွေးမြူရေးလုပ်ငန်းနှင့် မြေပဲစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက် ထားရှိမှု  အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ ကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ တစ်မိသားစုချင်း၏ ဝင်ငွေ တိုးပွားရေး မိုးစပါးအပြီး ဆောင်းဆီထွက်သီးနှံနှင့် နွေစပါးများ စိုက်ပျိုးနိုင်ရေးလိုအပ်သည့် မျိုးကောင်း မျိုးသန့်၊ သွင်းအားစု များနှင့် နည်းပညာများကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် သဘာဝမြေဩဇာများကိုလည်း တိုးချဲ့သုံးစွဲကြရန် လိုအပ်ကြောင်းမှာကြားပြီး ကျေးရွာနေပြည်သူ များ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm