Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့်အသက်မွေးဝမ်း ကျောင်းဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


13 Oct,2023

နေပြည်တော် အောက်တိဘာ ၁၃

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေး ဝမ်းကျောင်း ပညာဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၁၆)၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းဆပ်ကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်း ပညာဆိုင်ရာလုပ်ငန်းဆပ်ကော်မတီတွင် လုပ်ငန်းတာဝန် (၁၄) ချက် ချမှတ်ထားရှိပြီး လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီမှာ ပါဝင်သည့် သက်ဆိုင်ရာဌာနအသီးသီးမှ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အောက်တိုဘာလ(၅)ရက်နေ့တွင် ကျင်းပခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်(၁၆)ချက် အနက် မိမိတို့ကော်မတီနှင့် သက်ဆိုင်သည့် အဓိကအချက်အနေဖြင့် ဝန်ကြီးဌာနအလိုက် ပါဝင်သော လုပ်ငန်း ဆပ်မတီများတွင် အဖွဲ့ဝင် အမည်စာရင်းများကို ကော်မတီတစ်ခုထက် ပိုပြီးမပေးရန်၊ ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများ နှင့် ညှိနှိုင်း၍ စီမံကိန်း လျာထားချက်များ ထပ်နေခြင်း မရှိအောင် ယခုအစည်းအဝေးတွင် ညှိနှိုင်း ဆောင်ရွက်ကြရန် ၂၀၂၄-၂၀၂၅ မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (၃)နှစ်အတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများကို သတ်မှတ်ရက်များအတွင်းပေးပို့သွားရန် မှာကြား ဆွေးနွေးသည်။

          ဆက်လက်၍ လုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူး ကျေးလက်ဒေသဖွံ့ဖြိုး            တိုးတက်ရေးဦးစီးဌာန  ညွှန်ကြာရေးမှူးချုပ်မှ လုပ်ငန်းကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက် များနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် လုပ်ငန်းစာရင်းများပေးပို့ရာတွင် ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများနှင့် ညှိနှိုင်း၍ ပြည်ထောင်စု စီမံကိန်းလျာထားချက်များနှင့် တိုင်းဒေသကြီး/ပြည်နယ် ထပ်နေခြင်းမရှိစေရေး စိစစ်ဆောင်ရွက်ရန်၊ လုပ်ငန်းကော်မတီအောက်တွင် ပါဝင်သည့် လုပ်ငန်း ဆပ်ကော်မတီများတွင် ကော်မတီ(၁)ခုထက် ပိုမိုပါဝင်သည့် အဖွဲ့ဝင်ဦးစီးဌာနများ၏ လုပ်ငန်း စာရင်းများ အား မထပ်အောင် ပေးပို့ရန်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် မှစ၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ လျာထားတင်ပြနိုင်ရေးကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်ဌာနများမှ ရှင်းလင်းတင်ပြချက်များအပေါ် လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm