Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် ပြည့်ပင်ရွာသစ်ကျေးရွာ၌ Box Culvert နှစ်စင်းတည်ဆောက်ပြီးစီးမှု စစ်ဆေး


13 Oct,2023

ချောက် အောက်တိုဘာ ၁၂

         မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မြို့ပြနှင့် ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေပြီး လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည့်ပင်ရွာသစ်ကျေးရွာ၌ Box Culvert နှစ်စင်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ် နှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ပြည့်ပင်သစ်ကျေးရွာ၌ Box Culvert နှစ်စင်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ပြီး မြို့နယ်ဦးစီးအရာရှိက ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်း ဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

         ပြည့်ပင်ရွာသစ်ကျေးရွာ၌ ကျေးရွာအဝင်လမ်းပေါ်တွင် အရှည်ငါးပေ၊ အကျယ် ၂၄ ပေ၊ အမြင့်ငါးပေရှိ Box Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုပြင်ထိန်းရန်ပုံငွေကျပ် ၁၆ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများက ကြီးကြပ်၍ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် ဇူလိုင်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ထို့ကြောင့် ပြည့်ပင်ရွာသစ်ကျေးရွာရှိ အိမ်ခြေ ၂၀၀ အိပ်၊ လူဦးရေ ၉၀၀ တို့အတွက် ရာသီမရွေးသွားလာရေး အဆင်ပြေမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ်ထံမှ သိရသည်။

ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm