မံစီ၊ အောက်တိုဘာ ၁၁
ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးမှုများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မန်ဝိန်းလေး ကျေးရွာ ဝိန်းရတနာစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းရှိ အသင်းသားတောင်သူ များ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန် ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး အထွက်နှုန်းကောင်းမွန်ရေးနှင့် ပျက်စီးလေလွင့်မှုနည်းပါးရေး ဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။ အဆိုပါ အသင်း၌ အသင်းသား တောင်သူ ၇၁ ဦး၊ စိုက်ဧက ၁၅၀ ရှိပြီး ဆင်းဧကရီ ၃ စပါးမျိုးများ စိုက်ပျိုးထားရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်