မောက်မယ် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃ ဧပြီလမှ စက်တင်ဘာလအထိ ၆လအတွက် ဝန်ထမ်းများမှ စုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်းကို ယနေ့နံနက်၁၀နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် မြို့နယ်အတွင်းရှိ ငွေလမင်းဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်အသင်းသားများ ဝန်ထမ်းပေါင်း ၄၁၄ ဦးအတွက် စုဆောင်းငွေအတိုး ၉၄၇၉၀၀၀ကျပ် အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးတို့က ဌာနဆိုင်ရာများအလိုက် တာဝန်ရှိသူများထံသို့ အသီးသီးထုတ်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်