Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တန့်ယန်းမြို့နယ် နမ့်ဟူးလွယ်ကာ ခေတ်မီစံပြကျေးရွာ၌ SMART Village စီမံကိန်းဖြင့် ဆိုလာစွမ်းအင်သုံး ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


13 Oct,2023

တန့်ယန်း အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း(SMART Village) ထောက်ပံ့ရန်ပုံငွေဖြင့် နမ့်ဟူးလွယ်ကာ ခေတ်မီစံပြကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆိုလာစွမ်းအင်သုံး ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှု အခြေအနေများကို  ယနေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ နမ့်ဟူးလွယ်ကာ ခေတ်မီစံပြကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆိုလာစွမ်းအင်သုံး ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြား ပါသည်။

နမ့်ဟူးလွယ်ကာခေတ်မီစံပြကျေးရွာ ဆိုလာစွမ်းအင်သုံး ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းကို   ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း(SMART Village) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၃၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် စက်တင်ဘာလ စတုတ္ထအပတ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ကျေးရွာရှိ ကျောင်းသားကျောင်းသူ ၁၅၃ ဦးအတွက် သောက်သုံးရေများအဆင်ပြေသွားပြီးဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်