မံစီ အောက်တိုဘာ ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဖွဲ့စည်း ထားသည့် ခိုင်ဝေစည်(ဝန်ထမ်းပေါင်းစုံ)ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယမန်နေ့ ၁၀ နာရီက မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပတိအဖြစ်ဆောင်ရွက်သူ ဦးဝင်းသန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးသန်းက ဌာန၏ဥပဒေ၊ နည်းဥပဒေညွှန်ကြားချက်များ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အစီရင်ခံစာအား အမှုဆောင်အဖွဲ့ဝင် ဒေါ်ခေါန်ဆန့်က ဖတ်ကြား တင်သွင်းခြင်းနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်ခင်ထွေးစန်းက ရှင်းလင်းတင်ပြ၍ အတည်ပြုခဲ့ကြပြီး တက်ရောက်လာသည့် အသင်းသား/ အသင်းသူများက မိမိတို့ သိလိုသည်များကို မေးမြန်းဆွေးနွေးရာ သဘာပတိက ပြန်လည် ဖြေကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အသင်းသူ/ အသင်းသားများ၏ သားသမီး(၂)ဦးအား ပညာရည်ချွန်ဆုချီးမြှင့်ငွေ (၈၀၀၀ဝိ/-) ကို ချီးမြှင့် ခဲ့ကြသည်။ မံစီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ခိုင်ဝေစည် (ဝန်ထမ်းပေါင်းစုံ) ငွေစုငွေချေး သမဝါယမအသင်းတွင် အသင်းသူအသင်းသား (၂၆၇) ဦးရှိပြီး စုဆောင်းငွေပေါ်အတိုး (၁၀၅၈၄၇၀ဝိ/-)၊ အစုအပေါ်အမြတ်ချီးမြှင့်ငွေ (၂၆၇၀၀၀ဝိ/-) တက်ရောက် လာသည့် အသင်းသား/သူများအား စရိတ်ချီးမြှင့်ငွေ (၂၆၇၀၀၀ဝိ/-) စုစုပေါင်း (၁၆၀၀၄၇၀ဝိ/-) ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်