ရေနံချောင်း အောက်တိုဘာ ၁ဝ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အလယ်ကန်- ဖောင်းကွဲ ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ရေနံချောင်းမြို့နယ် အလယ်ကန်-ဖောင်းကွဲ ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ (မြို့ပြ)က လုပ်ငန်းများ ရေရှည်တည်တံ့ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားသည်။
အလယ်ကန်-ဖောင်းကွဲ ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင် ခြောက်ဖာလုံ၊ အကျယ် ၁၈ ပေ၊ မြေသားတာပေါင်တင်ခြင်းနှင့် အမြင့် ရှစ်လက်မရှိ မြေနီခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၆၀ ဒသမ ၂၁၇၆ သန်းဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီက ဩဂုတ်လတတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများပြီးစီးပါက အလယ်ကန်ကျေးရွာ၊ ဖောင်းကွဲကျေးရွာရှိ အိမ်ခြေ ၃၃၉ အိမ်၊ လူ ၁၇၅၃ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
သူသူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်