Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မွမ်းမံသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနား


10 Oct,2023

နေပြည်တော်  အောက်တိုဘာ ၉ ရက်

    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မွမ်းမံသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို (၉-၁၀-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/သူများ တက်ရောက်ကြသည်။ 

     ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းတက်ရောက်ကြမည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်များသည် ခရိုင်အဆင့် အကြီးအကဲများဖြစ်သည့်အလျောက် ဝန်ကြီးဌာန၏ မူဝါဒများ၊ စံတန်ဖိုးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရမည့်သူများ ဖြစ်သည့်အတွက် အလေးအနက်ထား မှတ်သားသင်ယူကြစေလိုကြောင်း ၊ ပြည်ထောင်စုဝန်ကြီး အမြဲလမ်းညွှန်မှာကြားသည့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ကြရာတွင် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ မြန်မြန်အသုံးပြုနိုင်ပြီး ဝင်ငွေပိုမိုရရှိကြမည်ဖြစ်ကြောင်း၊ စံချိန်စံညွှန်းကိုက်ညီမှု ရှိစေရန်လည်း အမြဲမှာကြားနေပါကြောင်း၊ ဦးစီးဌာန၏ကျင့်ဝတ်နှင့်တန်ဖိုးကိုလည်း လေးစားလိုက်နာကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားပြီး ၊ သင်တန်းတက်ရောက်လာကြသည့် သင်တန်းသား/သူ တစ်ဦးချင်းမှ မိတ်ဆက်စကား ပြောကြားပြီးနောက် သင်တန်းဖွင့်ပွဲ အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

         အဆိုပါသင်တန်းကို (၉-၁၀-၂၀၂၃)ရက်နေ့မှ (၁၇-၁၀-၂၀၂၃)ရက်နေ့အထိ တစ်ပတ်အကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၃၄)ဦးတက်ရောက်ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm