မြို့သစ် အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အုန်းပင်စု-ဖန်ခါးပင် ကျေးရွာချင်းဆက်လမ်းတွင် Box Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဦးနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ကျေးရွာတာဝန်ရှိသူများနှင့်အတူ အုန်းပင်စု-ဖန်ခါးပင် ကျေးရွာချင်းဆက်လမ်းပေါ်တွင် အလျား ၂၄ ပေ၊ အနံ ငါးပေ၊ အမြင့် ငါးပေရှိသော ကျောက်ကြီးစီကမ်းကပ်ခုံ သံကူကွန်ကရစ်ကြမ်းခင်း Box Culvert လေးစင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက တင်ဒါရကုမ္ပဏီမှ တာဝန်ခံကို ဌာနက သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားသည်။
မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး(ငွေလုံး ငွေရင်း) ရန်ပုံငွေကျပ် ၃၃ ဒသမ ၅၈၂ သန်းဖြင့် အုန်းပင်စု-ဖန်ခါးပင် ကျေးရွာချင်းဆက်လမ်းပေါ်တွင် ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို တက်လူထိပ်ကုမ္ပဏီက တာဝန်ယူ၍ စက်တင်ဘာလ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ငယ်လေး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်