Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အင်းလေးကန်မှ ဒိုက်၊ ဗေဒါများ ဆယ်ယူပြီး မြေဩဇာထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ပေးမှု


10 Jun,2022

                    နိုင်ငံတော်ဝန်ကြီးချုပ်၏ ၃၀-၉-၂၀၂၁ မှ ၃-၁၀-၂၀၂၁ ရက်နေ့ထိ ရှမ်းပြည်နယ်ခရီးစဉ်အတွင်း လမ်းညွှန်ချက်အရ တောင်သူများ၏စိုက်ပျိုး ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း/ အရှေ့ပိုင်းသမဝါယမအသင်းစုချုပ် နှင့် ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုတို့မှ အင်းလေး ကန်အတွင်းရှိ ဗေဒါ၊ အမှိုက်၊ ဒိုက်ပင်များနှင့် ဒေသတွင်းထွက်ရှိသည့် ကြက်ချေး၊ ဖွဲကြမ်း၊ စပါးခွံနှင့် EM ဖျော်ရည်တို့ကို အသုံးပြု၍ သဘာဝမြေသြဇာများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ခဲ့ ပါသည်။

                    ယင်းသို့ ဆောင်ရွက်နိုင်ရန် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခုတ်စင်း အမှုန့်ကြိတ်စက် (Chopping & Powder Milling Machine) (၁) လုံးနှင့် မွှေစက်(Mixing Machine) (၁)လုံး(စုစုပေါင်းတန်ဖိုးကျပ် ၂၂ သိန်း) အား ညောင်ရွှေမြို့နယ်သမဝါယမ အသင်းစုသို့ အသုံးပြုနိုင်အောင် ပံ့ပိုးပေးခဲ့ပါသည်။ ထွက်ရှိလာသည့် သဘာဝမြေဩဇာ များကို စိုက်ပျိုးရေးဦးစီးဌာနတွင် ဓာတ်ခွဲစမ်းသပ်မှု (၃) ကြိမ် ဆောင်ရွက်ခဲ့ပြီး Test Result ရရှိခဲ့ပါသည်။ Test Result အရ စိုက်ပျိုးရေးဦးစီးဌာနသို့ ဓာတ်မြေဩဇာ ထုတ်လုပ်ခွင့်၊ သိုလှောင်ခွင့်နှင့် ရောင်းချခွင့်မှတ်ပုံတင်များ ရရှိရေး ဆောင်ရွက်လျက် ရှိပါသည်။ ရှေ့ပြေးစမ်းသပ်ထုတ်လုပ်ထားပြီး Test Result ရရှိထားသည့် မြေဩဇာ တန်ချိန် ၄၀ (50kg - အိတ် ၈၀၀) ကို တစ်အိတ်လျှင် ကျပ် (၁၀၀၀၀) နှုန်းဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း) သမဝါယမ အသင်းစုချုပ်များနှင့် ဖြန့်ဖြူးရောင်းချ ဆောင်ရွက်လျက်ရှိပြီး ဝယ်ယူလိုပါက email- (ucsshanstate@gmail.com)၊ ဖုန်း - (၀၈၁-၂၁၂၁၂၁၁)၊ (၀၉-၄၀၁၆၂၃၉၅၄)၊ (၀၉-၄၂၈၃၄၄၈၀၄) သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm