Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် ပူးလှကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး


11 Oct,2023

စလင်း     အောက်တိုဘာ      ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ပူးလှကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို တာဝန်ရှိသူများက နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် အဆိုပါလုပ်ငန်းအား တာဝန်ယူဆောင်ရွက်သော ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ပူးလှကျေးရွာသောက်‌သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ ၄ လက်မအကျယ် အနက် ၇၀၀ ပေ စက်ရေတွင်းတူးဖော်ပြီးစီး၍ ရေမြှုပ်ပန့်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကုမ္ပဏီတာဝန်ခံအား လုပ်ငန်းများအားလုံး ဌာနမှသတ်မှတ်ထားသော စံနှုန်းများအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍားရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၁ ဒသမ ၅ သန်းဖြင့် ပူးလှကျေးရွာ၌ ၄ လက်မအကျယ် အနက် ၇၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းနှင့် အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို Shwe Group ကုမ္ပဏီကတာဝန်ယူ၍ ဇွန်လ ၂၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာနေပြည်သူများ နှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသောသောက်သုံးရေလုံလောက်စွာရရှိပြီး နွေရာသီကာလများတွင် ရေရှားပါးသည့် အခက်အခဲများကို ကုစားနိုင်မည်ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm