ကျိုက်မရော အောက်တိုဘာ ၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်သမဝါယမ အသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်၊ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်နှင့် သမဝါယမအသင်းစုချုပ်မှ ဦးစိုးတင့်တို့က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမအသင်း ဥက္ကဋ္ဌ ဦးသန်းမောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်ခဲ့သော အသင်းစုကိစ္စရပ်များ နှင့် သမဝါယမလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ သမဝါယမအသင်းစုဒုတိယဥက္ကဋ္ဌ ဦးထွန်းခင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး ရှင်းတမ်းများနှင့် အမြတ်ခွဲဝေစာရင်းများကိုဖတ်ကြားခြင်း၊ မြို့နယ်အသင်းစုဒါရိုက်တာအဖွဲ့၏ လုပ်ငန်း အစီရင်ခံစာနှင့်ရှေးလုပ်ငန်းစဉ်များ ဖတ်ကြားတင်ပြခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမအသင်းစု(၂၈)ခုမှ အမှုဆောင်အဖွဲ့ဝင်များ အသင်း သားများ တက်ရောက်ခဲ့ကြပြီး Exim Bank အပြေအကြေ ပေးဆပ်ပြီးသော အခြေခံသမဝါယမ အသင်းများအား အသင်းရန်ပုံငွေများကို အသင်းတာဝန်ခံများထံ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်