ဗန်းမော် အောက်တိုဘာ ၇
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စင်းခန်းကျေးရွာ၊ ခဲမနိုင်ကျေးရွာ၊ နန့်အူကြီး ကျေးရွာချင်းဆက်လမ်းပေါ်တွင် သံကူကွန်ကရစ်တံတားတည်ဆောက်နေမှုနှင့် ကျေးရွာချင်းဆက် ကျောက်ချောလမ်း ဖောက်လုပ်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဗန်းမော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)ဦးမြသင်းနှင့် QC ဌာနမှ ဦးကျော်လွင်မိုးတို့သည် စင်းခန်းကျေးရွာ၊ ခဲမနိုင်ကျေးရွာနှင့် နန့်အူကြီး ကျေးရွာချင်းဆက်လမ်းပေါ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ် (ငွေလုံးငွေရင်း)ခွင့်ပြုရန်ပုံငွေကျပ် ၉၈ သန်းဖြင့် ပစ္စည်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်သောအလျားပေ ၂၀၊ အနံ ၂၄ ပေ၊ အမြင့် ၁၂ ပေရှိ သံကူ ကွန်ကရစ်တံတားတည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဦးစီးအရာရှိ(မြို့ပြ)ဦးမြသင်းနှင့် တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်(ငွေလုံးငွေရင်း)ခွင့်ပြုရန်ပုံငွေကျပ် ၃၂၈ သန်း၊ ပစ္စည်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့် စင်းခန်းကျေးရွာ၊ ရွာသာယာကျေးရွာ၊ ခဲမနိုင်ကျေးရွာ၊ ကရှန့်သဲကျေးရွာနှင့် နန့်အူကြီးကျေးရွာ စုစုပေါင်းကျေးရွာ ငါးရွာ အကျိုးပြုသွားလာနိုင်မည့် စင်းခန်း၊ ခဲမနိုင်၊ နန့်အူကြီးကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း လမ်းအရှည် ၁ မိုင် ၅ဖာလုံ၊ အကျယ် ၁၆ ပေ၊ ဒု ကိုးလက်မ ဂျင်းမြေခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအလေးထား ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
အဆိုပါကျေးရွာ ငါးရွာကို အကျိုးပြုမည့် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းနှင့် ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းမှာ ၄၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး နေပြီး လုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ငါးရွာရှိ အကျိုးပြုအိမ်ခြေ ၁၀၂၄ အိမ်၊ လူဦးရေ ၅၂၅၆ ဦးတို့အတွက် ရာသီမရွေး သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူချောမွေ့ကာ ဒေသထွက်ကုန်များ ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်