Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဲကုန်းမြို့နယ်၊ မူယာတောကျေးရွာတွင် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်


06 Oct,2023

ပြည်၊ အောက်တိုဘာ ၆

       သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ အမျိုးသမီးများအတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့်လုပ်ငန်း အကောင်အထည်ဖော်မည့် သဲကုန်းမြို့နယ်၊ လိန်တန်းအုပ်စု၊ မူယာတောကျေးရွာတွင် စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်မည့်သူ(၁၆)ဦးအား တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)ထုတ်လုပ်မှု နည်းပညာသင်ကြားပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားသို့ သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ နှင့် သင်တန်းသူများ တက်ရောက်ကြပြီး အခမ်းအနားတွင် သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး သဲကုန်းမြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်ထောက်ကူပစ္စည်းများအား ပေးအပ်ခဲ့ပါသည်။

            အဆိုပါ ကျေးရွာတွင် တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာတတ်မြောက်နိုင်ရေးအတွက် သင်ကြားပေးသွားမည် ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ (၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းနှင့်ညီမျှသော  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm