Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟိုပုံးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ သင်တန်းဖွင့်လှစ်


09 Jun,2022

 

ဟိုပုံး ဇွန် ၉ 
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ်(တောင်ပိုင်း )၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျောက်တန်း ခေတ်မီစံပြ ကျေးရွာရှိ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား စီမံကိန်းဆိုင်ရာ ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ သင်တန််းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနအစည်းဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။ 
 
ရှေးဦးစွာ ဟိုပုံးမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်က အဖွင့်အမှာစကားနှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
 
 ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်း‌ရောင်ကျေးရွာစီမံကိန်း ငွေစာရင်းဇယားများဖြည့်သွင်းရာတွင်တိကျမှန်ကန်မှုရှိစေရေးအတွက် ကျေးရွာတွင်‌ လအလိုက်ဖြည့်သွင်းရသည့် ငွေစာရင်းပုံစံ များ ၊ရေးသွင်းထိန်းသိမ်း နည်းအား စာတွေ့၊လက်တွေ့ ရှင်းလင်းသင် ကြားပို့ချခဲ့သည်။
 
အဆိုပါသင်တန်းသို မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျောက်တန်းခေတ်မီစံပြ ကျေးရွာမှကျေးရွာမှ စီမံကိန်း လုပ်ငန်းအဖွဲ့ဝင် (၇)ဦးတက်ရောက် ခဲ့ကြပြီး သင်တန်းကို ကိုဗစ်စည်းကမ်းချက် များနှင့်အညီ တစ်ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း ဟိုးပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထျာရယ်ထံမှသိရသည်။
 
 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm