Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ် ဂုံတောကျေးရွာ၌ VDPစီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းများအား စစ်ဆေး


09 Oct,2023

အောင်လံ အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ဂုံတောကျေးရွာ၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းတာဝန်ခံများနှင့်အတူ ဂုံတောကျေးရွာ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပါသည်။

ဂုံတောကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၄၈၀ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းများကို စီမံကိန်းရန်ပုံငွေေကျပ် ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ၇၂၀၀၀၀ကျပ်တို့ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် စက်တင်ဘာ စတုတ္ထအပတ်မှ  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၅၀ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

အဆိုပါ စီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူတို့၏ စွမ်းဆောင်ရည်မြှင့်တက်ခြင်း၊ နည်းပညာများရရှိခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်တတ်လာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm