လောက်ကိုင် အောက်တိုဘာ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်းသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကုန်းကြမ်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ စီမံကိန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား အောက်တိုဘာလ(၇)ရက် နံနက်(၁၁)နာရီအချိန်ခန့်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ ကုန်းကြမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မီမီအောင်နှင့် ဝန်ထမ်းများသည် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကုန်းကြမ်းမြို့နယ်၊ တာ့ကုန်းကြမ်းကျေးရွာအုပ်စု၊ ကျီချန်ကျိုင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)အား နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၅၀)ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း(၅၀၀’x၁၂’x၆’’) ဆောက်ရွက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ တင်ဒါအောင်မြင်သော ကိုးကန့်ဆွေကုမ္ပဏီ မှ ရှောက်ကိုင်ကျေးရွာအုပ်စု၊ မန်ရှင်းကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အရှည် (၁)မိုင်၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ ကျေးလက်ကုန်ထုတ်လမ်း (မြေသား+ သဲဗြုန်း) လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ တင်ဒါအောင်မြင်သော ဖြိုးမင်းအောင်ကုမ္ပဏီ မှ ကျောက်ပိုင်ချန်ကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အရှည် (၁)မိုင်၊ (၄)ဖာလုံ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ ကျေးလက်ကုန်ထုတ်လမ်း(အပိုင်း-၁)(မြေသား+သဲဗြုန်း)လုပ်ငန်း ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ တင်ဒါအောင်မြင်သော စိမ့်စမ်းညီညီကုမ္ပဏီ မှ ရွှေကူကျိုင်း ကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အရှည် (၁)မိုင်၊ (၂)ဖာလုံ၊ အကျယ် (၁၂)ပေ၊ ထု(၉)လက်မရှိ ကျေးလက်ကုန်ထုတ်လမ်း(အပိုင်း-၂)(မြေသား+သဲဗြုန်း)လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ကိုလည်းကောင်း၊ တင်ဒါအောင်မြင်သော ကိုးကန့်သားကုမ္ပဏီ မှ တာ့ကုန်းကြမ်းကျေးရွာအုပ်စု၊ ကျုံးယွီထန်ကျေးရွာ၌ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိမ့်စမ်းရေသွယ်တန်းခြင်း(၂)မိုင်၊(၂)ဖာလုံလုပ်ငန်းနှင့် အိမ်သွယ်ရေတိုင် (၄)ဖာလုံ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့ကိုလည်းကောင်း မြေပြင်ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ပြီး သတ်မှတ် ကာလအတွင်း လုပ်ငန်းများကို ဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် အလေးထား လိုက်နာဆောင်ရွက်သွားရန် တင်ဒါအောင် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်