Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး


09 Oct,2023

မန္တလေး အောက်တိုဘာ ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်ရေပေးရေးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်းဝင်းနှင့် တာဝန်ရှိသူများသည်  ညောင်ဦးမြို့နယ် ဧရာဝတီမြစ်မှ ရေကိုကျေးရွာ ၁၀၅ ရွာ သို့ ဖြန့်ဝေပေးလျက်ရှိသည့် နတ်သမီးကမ်းပါးရေစက်ရုံနှင့် ငှက်ပစ်တောင်ရေစက်ရုံများ သွားရောက်ကြည့်ရှု စစ်ဆေးရာ မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာတာဝန်ရှိသူများက စက်ရုံလည်ပတ်မှု အခြေ အနေများ၊ နေ့စဉ်ရေဖြန့်ဝေပေးနေမှု အခြေအနေများ၊ ရေဖိုးရေခကောက်ခံရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က ရေစက်ရုံများ ကောင်းမွန် ပြီး ရေဖြန့်ဝေပေးခြင်းလုပ်ငန်းများ အမြဲမပြတ်လည်ပတ်နိုင်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ‌သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ဦးမြို့ အပူပိုင်းဇုံ ကျေးလက် ရေရရှိရေးစီမံကိန်းရုံးသို့ရောက်ရှိရာ စီမံကိန်းရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ညောင်ဦးမြို့နယ်၊ တောင်ရှေ့ကျေးရွာတွင် CESVI (ချက်စဗွီ) စီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုအားပေးပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ် ကူတောကျေးရွာ ဂျမ်းလှီးကျေးရွာ၊ ထီးပုကျေးရွာ၊ မှန်တောကျေးရွာတို့တွင် အပူပိုင်းဇုံကျေးလက်ရေရှိရေးစီမံကိန်းဖြင့် စက်ရေတွင်း တူးဖော်ခြင်း၊ အမြင့်တင် ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊  လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း၊ တောင်ဘကျေးရွာ၌ ကြိုတင်ငွေဖြည့်သုံးရေမီတာ(Prepaid Water Meter)တပ်ဆင်ထားရှိမှု အခြေအနေများလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက လုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm