နေပြည်တော်၊ အောက်တိုဘာ ၆
တရုတ်-မြန်မာ ဒုတိယအကြိမ်မြောက် စွန့်ဦးတီထွင်မှုပြိုင်ပွဲ"နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ တက်ဟုန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရအဖွဲ့ကိုယ်စားလှယ် ဒေါ်မြင့်မြင့်ဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တက်ဟုန်းပြည်နယ်ခွဲပြည်သူ့အစိုးရအဖွဲ့ကိုယ်စားလှယ် ဒေါ်မြင့်မြင့်ဝင်းက ပြိုင်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က ဖြည့်စွက်ဆွေးနွေးတင်ပြပြီးနောက် တက်ရောက်လာကြသူများက ပြိုင်ပွဲအတွက် Registerတင်ခြင်း၊ ပြိုင်ပွဲဝင်ပုံစံများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဆုချီးမြှင့်ခြင်း စသည့်ကိစ္စရပ်များကို အသီးသီး ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်