လပွတ္တာ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး လပွတ္တခရိုင်အတွင်းရှိ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍနှစ် အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို အောက်တိုဘာ ၄ ရက်တွင် တာဝန်ရှိသူများက စစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွေးကိုကိုနှင့် တာဝန်ရှိသူများက လပွတ္တာမြို့နယ် လပွတ္တာ-မြောင်းမြကားလမ်းမှ ပိန္နဲတောင်ကျေးရွာသို့ ဆက်သွယ်သောလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ လပွတ္တာ- မြောင်းမြကားလမ်းမှ ဉာဏ်ကွင်း(ကံရွာ)သို့ ဆက်သွယ်သောလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း၊ ပျဉ်ထောင်တွင်း-ဥက္ကံ-ကပြိုကျေးရွာချင်း ဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ သင်္ဃန်းကြီး-ကုန်းကြီး-ဂုံညှင်းတန်း ကျေးရွာချင်းဆက်လမ်း ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း၊ မော်လမြိုင်ကျွန်းမြို့နယ် မော်ကျွန်း-ကျိုက်လတ်ကားလမ်းတာမှ မစိုးရိမ်-ထနီး-သရက်ချောင်း-သစ်တိုဆိပ်ကျေးရွာသို့ ဆက်သွယ်သောလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း၊ မော်ကျွန်း ရန်ကုန်ကားလမ်းတာမှ စခန်းကြီး-ပုတီးရိုးကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ မော်ကျွန်း-ရန်ကုန်ကားလမ်းတာမှ မယ်တလိုင်းကျေးရွာသို့ ဆက်သွယ်သောလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းနှင့် ရေထုတ်ပြွန်နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ မော်ကျွန်း-ဘိုကလေးကားလမ်းတာမှ နွားရေကျော်-ကျောင်းစု-ပျားမွှတ်-လျှော်ချောင်းကျေးရွာသို့ ဆက်သွယ်သောလမ်းပေါ်တွင် ရေထုတ်ပြွန်နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း နှင့် ကျော်ဇံအုပ်စု၊ တုံလှဲ-ဂျိုဝါတံတားထိပ်မှ ဂျိုဝါကျေးရွာဆက်သွယ်ရေး လမ်းပေါ်ရှိ ရေထုတ်ပြွန်ငါးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)က လိုအပ်သည်များ မှာကြားသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်