Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်နှင့် ညောင်ဦးခရိုင်အတွင်းရှိ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


06 Oct,2023

မန္တလေး အောက်တိုဘာလ

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်သည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်၊ အိုင့်ကျေးရွာသို့ ရောက်ရှိပြီး ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်ရှိ (၁၅၀') အရှည် RC Concrete Bored Pile တံတားလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။အဆိုပါ ကတ္တရာခင်းခြင်း (၀/၆)မိုင်လုပ်ငန်းအား ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၉၉.၁၉ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းများ ၅၅% ပြီးစီးနေပြီဖြစ်ပါသည်။ အဆိုပါလမ်းပေါ်ရှိ ကွန်ကရစ်တံတား (၁၅၀')လုပ်ငန်းကို ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၄၈၀ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းများ ၅၈% ပြီးစီးနေပြီဖြစ်ပါသည်။ အဆိုပါ ကတ္တရာလမ်းနှင့် ကွန်ကရစ်တံတား တည်ဆောက် ပြီးစီးပါက ကျေးရွာ (၅)ရွာ၊ အိမ်ခြေ (၆၅၂)အိမ်၊ လူဦးရေ (၃၀၉၃)ဦးနှင့် စိုက်ပျိုးမြေဧက (၅၈၀)ဧကအား အကျိုးပြုမှာဖြစ်ပါသည်။

        ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ရှိ ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ ကျပ် ၁၉.၅ သန်းဖြင့် ဌာနမှ ဆောင်ရွက်သည့် အရှည်(၀/၇)မိုင်ရှိ စည်သာကျေးရွာအဝင်လမ်း ဂျင်းမြေခင်းခြင်းလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုအခါ လုပ်ငန်းများ ၁၀၀% ပြီးစီးပြီဖြစ်ပါသည်။ အဆိုပါလမ်းအား ကျေးရွာ (၁)ရွာ၊ အိမ်ခြေ(၁၀၄)အိမ်၊ လူဦးရေ(၄၆၁)ဦးနှင့် စိုက်ပျိုးမြေဧက(၈၅၀)ဧက အကျိုးပြုလျှက်ရှိပါသည်။

          ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျား-ကြက်ဖြူတဲ -ဇလင်းတောင် မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းများ ရေးဆွဲထားသည့် Work Schedule အတွင်း ဆောလျင်စွာပြီးစီးရေးအလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။ ၎င်းမြေသားလမ်း (၅မိုင်x၂၄ပေx၂ပေ) အား တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၉၈.၉၉၅သန်းဖြင့် ဌာနမှ ဆောင်ရွက်လျက်ရှိပြီး ၅၅% ပြီးစီးနေပြီဖြစ်ပါသည်။ အဆိုပါ မြေသားလမ်းပြီးစီးပါက ကျေးရွာ(၅)ရွာ၊ အိမ်ခြေ(၁၄၇၇)အိမ်၊ လူဦးရေ(၅၇၅၂)ဦးနှင့် စိုက်ပျိုးမြေဧက (၃၉၃၂) ဧက အကျိုးပြုမှာဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm